Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document
Canossian Daughters of Charity FDCC

CANOSSIAN DAUGHTERS OF CHARITY (FdCC)
ကာနိုးရှင်းသီလရှင်အသင်းဂိုဏ်း

#ကာနိုးရှင်း ဝိညာဥ်ရေးလမ်းစဥ်

ကျွန်ုပ်တို့သည် ခရူးစူး ကားတိုင်ထက်တွင် အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်တော်မူခြင်း ဖြစ်သော ခရစ်တော်သခင်၏ အနူးညံ့ဆုံး၊ အရက်ရောဆုံးနှင့် စိတ်အရှည်ဆုံးသော ချစ်ခြင်းမေတ္တာကို ထောက်ရှုစဥ်းစား၊ တွေ့ကြုံခံစားပြီး တစ်ပါးသူအား ဝေမျှနိုင်ရန် ခေါ်တော်မူခြင်းခံရသည်။

ကျွန်ုပ်တို့သည် ချစ်ခြင်း၊ ကြင်နာခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ နိမ့်ချခြင်း၊ ဇွဲလုံ့လဝီရိယရှိခြင်း နှင့် ခံနိုင်ရည်ရှိခြင်းစိတ်ထားဖြင့် ခရစ်တော်၏ ကယ်တင်ခြင်းလုပ်ငန်းစဥ်တွင် ပါဝင်ဦကသည်။

အဖွဲ့အစည်းဖြင့် နေထိုင်ရာ သီလရှင်ကျောင်းသည် သူတော်စင် တစ်ဦးစီအတွက် ချစ်ခြင်းမေတ္တာ၌ လွတ်လပ်စွာ ပေးကမ်းခြင်း၊ ရယူခြင်းနှင့် ဝိညာဥ်ရေးဆိုင်ရာ ပိုမိုတိုးတက်အောင် သင်ယူကျင့်ကြံရန် နေရာဖြစ်သ်ဩု ခံယူပြီး တူညီသော မျှော်လင့်ချက်ပန်းတိုင် တစ်ခုတည်းအတွက် အတူတကွနေထိုင်ပါသည်။

အတူတကွနေထိုင်သော သူတော်စင် တစ်ဦး၏နေ့စဥ်ဘဝအသက်တာ၌ ခရစ်တော်ရှင်သည် ကိန်းအောင်းနေကြောင်း ခံယူကာ တစ်ဦးကိုတစ်ဦး ရိုသေလေးစားစွာဖြင့် ပြုမူဆက်ဆံပါသည်။

ကျွန်ုပ်တို့သည် တိုက်းကြီး (၇)တိုက်တွင် သာသနာပြုလျက်ရှိပါသည်။ ယဥ်ကျေးမှုပေါင်းစုံ၊ ဘာသာပေါင်းစုံနှင့် လူမျိုးပေါင်းစုံကြားတွင် အထူးသဖြင့် အဆင်းရဲဆုံးသောသူများ၏ ပညာရေးနှင့် ခရစ်ယာန်ဘာသာ၏ မြတ်သောအယူဝါဒများ သင်ကြားခြင်းနှင့် နာမကျန်းသူများအား ပြုစုစောင့်ရှောက်ခြင်းများကို လုပ်ဆောင်ပါသည်။Canossian Daughters of Charity, Servants of the poor. (FdCC)

ကာနိုးရှင်းသီလရှင်အသင်းဂိုဏ်းကို ၁၈၀၈ ခုနှစ်၊ မေလ (၈)ရက်နေ့တွင် St Magdalene of Canossa မှ အီတလီနိုင်ငံတွင် စတင်တည်ထောင်ခဲ့ပါသည်။ကာနိုရှင်းသီလရှင်များသည် ယနေ့ကမ္ဘာတစ်၀ှမ်း၌ နိုင်ငံပေါင်း (၃၂) နိုင်ငံတွင် အသိးသီးတည်ရှိကြသည်။

  Our Charism ( ၀ိညာဥ်တော် ကျေးဇူး)

“In the spirit of the greatest Love of Christ Crucified with Mary, Mother of Love at the foot of the cross.”

ကျွန်ုပ်တို့ ၏၀ိညာဥ်ရေး ကျေးဇူးတော်မှာ - ကားတိုင်ထက်ရှိ သခင်ယေဇူး ၏အကြီးမြတ် ဆုံး ချစ်ခြင်းမေတ္တာနှင့် ကားတိုင် ခြေရင်းရှိ အမိမယ်တော်၏ ချစ်ခြင်း မေတ္တာ အားဖြင့် ရှင်သန်လျှက် ဘုရားသခင်နှင့် လူသား များ အားအစေခံ ခြင်း ဖြစ် သည်၊။

 Our Ministries

 *    Education ပညာပေးခြင်း

*    Evangelization ဧ၀ံဂေလိသတင်းကောင်းဖြန့်‌‌‌‌ေ၀ခြင်း

*    Pastoral Care for the sick နာမကျန်းလူများ ကြည့်ရှုခြင်း

*    Fomation of laity   သာမန်လူ၀တ်ကြောင်များအားလမ်းညွှန်ပေးခြင်း

*          Spiritual exercises  ၀ိညာဥ်ရေးရာလမ်းညွှန်ပေးခြင်း

 

ကာနိုရှင်းသီလရှင်များသည် မြန်မာပြည်သို့ ၂၀၀၈ခုနှစ်တွင် စတင်ရောက်ရှိကာ အခြေချ နေထိုင်ခဲ့သည်။   မြန်မာပြည်တွင် မိမိဘ၀အသက်တာအတွက် ဘုရားသခင်၏ ခေါ်တော်မူခြင်းလမ်းကို ဆန်းစစ်ချင်သော အမျိုးသမီးငယ် များအတွက် ခ၀ဲခြံ၊ မရမ်းကုန်းမြို့နယ် ရန်ကုန်တွင် Formation House ရှိသည်။ သန်လျှင်မြို့နယ်တွင် ဘော်ဒါဆောင် ကလေးများကို ကြည့်ရှုရန် Formation of Educators (FED)  ဘော်ဒါဆောင်ထိန်းဆရာမ သင်တန်းကို နှစ်စဥ်ဖွင့်လှစ် လျှက်ရှိသည်။မြန်မာပြည်တွင်သီလရှင် (၇) ပါး နှင့် သီလရှင်လောင်းတစ်ဦးရှိပါသည်။

 

         

 St Magdalene of Canossa ၏ ဘ၀အကြောင်း

St Magdalene ကို ၁၇၇၄ခုနှစ်၊ မတ်လ (၁) ရက်နေ့တွင် ကာနိုစာ နန်းတော်တွင် မွေးဖွားခဲ့သည်။ မွေးချင်း ၆ယောက် အနက် တတိယမြောက်သမီးရတနာဖြစ်သည်။ ပျော်ရွှင်ဖွယ်ကောင်းသော ကလေးဘ၀ကိုပိုင်ဆိုင်ရာမှ အသက် (၅)နှစ် အရွယ်တွင်ဖခင်ရုတ်တရက် ကွယ်လွန်သွား ၍ မက်ဒလင်း အသက်(၇)နှစ်အရွယ်တွင် မိခင်နောက်အိမ်ထောင်ပြုခဲ့ သည်ကာ ကလေးထိန်း၏နှိပ်စက်မှုကိုခံခဲ့ရသဖြင့် အလွန်နာကြင်ခဲ့ရသည်။ အသက် (၁၅)နှစ်အရွယ်တွင် အပြင်းအထန် နေမကောင်းဖြစ်ခဲ့ရာမှ ဘုရားသခင်း၏ခေါ်တော်မူခြင်းကိုခံစားခဲ့ရသည်။ ထိုကြောင့်နေပြန်ကောင်းလာ သော အခါ သူမ၏ဘ၀အားဘုရားသခင်ထံ အပြီးအပိုင် အပ်နှံပူဇော်ရန်စိတ်ပိုင်းဖြတ်ခဲ့သည်။ အသက် (၁၇)နှစ် အရွယ်တွင် ကာမဲလိုက် အသင်းဂိုဏ်းသင်းသို့၀င်ရောက်ခဲ့သည်။ သို့သော် ထိုအသင်းဂိုဏ်းသည် သူမအတွက် ဘုရားသခင်၏ခေါ် တော်မူခြင်းလမ်းမဟုတ်မှန်းသိလာခဲ့သဖြင့် ပြန်ထွက်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုအသင်းဂိုဏ်းတွင်  ဆက်နေပါက သူမချစ်သောဆင်းရဲသားများအတွက် မကူညီပေးနိုင်သောကြောင့်ဖြစ်သည်။ အိမ်ပြန်ရောက်သောအခါ အိမ်မူကိစ္စ များကိုတာ၀န်ယူဆောင်ရွက်ခဲ့ကာ သူမအတွက် ဘုရားသခင်၏အလိုတော်ကိုဆက်လက်ရှာဖွေခဲ့သည်။ ထိုအချိန်သည် တိုင်းပြည်တွင်းတော်လှန်ရေးအခြေအနေကြောင့် မရှိဆင်းရဲသားများ၊ ကလေးငယ်များပညာသင်ခွင့် မရသော သောခြေအနေလည်းဖြစ်သည်။  ထိုကြောင့်မက်ဒလင်းသည် ခေတ်ကာလ၏ လိုအပ်ချက်ကြောင့်သော် လည်းကောင်း၊ ဆင်းရဲသားများအပေါ်ထားရှိသော သူမ၏ချစ်ခြင်းမေတ္တာကြောင့် ၁၈၀၈ ခုနှစ်၊ မေလ (၈)ရက်နေ့ တွင် မိမိ၏ နေအိမ်နန်းတော်ကို စွန့်ခွာကာ  ပထဦးဆုံးသော ဂရုဏာရေးကျောင်းကို  စတင်တွင်ဖွင့်လှစ်ခဲ့သည်။ ကလေးငယ်များအား ပညာသင်ကြားပေးခြင်းအားဖြင့် သူတို့သည် အကောင်းအဆိုး ၊ အကျိုးအပြစ်ကို ခွဲခြား နိုင်မည် ဖြစ်ပြီး အပြစ်ရောက်ရာလမ်းကို ရှောင်ရှားနိုင်မည်ဖြစ်သည်။  မက်ဒလင်း၏ပညာပေးခြင်းနည်းးသည် အသိဥာဏ် တစ်ခုတည်းကိုပဲ ဦးစားပေးခြင်းမျိုးမဟုတ်၊ နှလုံးသား  ကိုပါ မွမ်းမံပုံဖေါ်ပုံသွင်းသော ပညာရေးမျိုး ဖြစ်သည်။  ဤသို့ဖြင့် မက်ဒလင်း သည် Venice, Milan, Bergamo နှင့်  Trent တို့ ၌ ကျောင်းများအသီးသီး ဖွင့်လှစ်ခဲ့သည်။ သိုဖြင့် မက်ဒလင်းသည် ဘုရားသခင်အတွက်၊ သူမ၏ချစ်လှစွာသော ဆင်းရဲသားများအတွက် ဘ၀တစ်ခုလုံး ပေးဆပ်အစေခံ ကာ ၁၈၃၅ ခုနှစ်၊ ဧပြီလ (၁၀)ရက်တွင် အဘအိမ်သို့ ပြန်းသွားခဲ့သည်။

ပုပ်ရဟန်းမင်းကြီး Pius XII က ၁၉၄၁ ၊ ဒီဇင်ဘာ ၊ ၇ ရက်နေ့တွင်  Blessed အဖြစ်ကြေညာခဲ့ပြီး ၊ ၁၉၈၈ ခုနှစ်၊ အောက်တိုဘာလ (၂) ရက်နေ့တွင် ပုပ်ရဟန်းကြီး John Paul II က  ရဟန္တာအဖြစ် တင်မြှောက်ခဲ့သည်။

 

ST Josephine Bakhita ၏ဘ၀အ‌ကြောင်း 

ဘာခိတာကို ၁၈၆၉ ခုနှစ်တွင် အာဖရိကတိုက်ရှိ ဆူဒန်မြို့၌မွေးဖွားခဲ့သည်။ ဘာခိတာ (၇)နှစ်အရွယ်တွင် အာရပ်လူမျိုး (၂)ဦးက ပြန်ပေးဆွဲခဲ့သည်။ င်းနောက်ကျွန်၀ယ်သူဌေးတစ်ဦးထံ ရောင်းခြခြင်းခံရသည်။ ထိုမှအဆင့်ဆင့်ရောင်းချ ခံခဲ့ရသည်။ ခန္ဓာကိုယ်ပေါ်တွင် ဓါးဖြင့်အချက်ပေါင်း (၁၁၄)ချက် ခွဲပြီး ဆားသိပ်၍ကင်ခြင်းကိုလည်းခံခဲ့ရသည်။ ၁၈၈၂ ခုနှစ်တွင် စစ်ပွဲဖြစ်ပွားခဲ့ရာ အီတာလျှံ လူမျိုး မစ္စတာ Calisto မိသားစုထံ ပြန်လည်ရောင်းစားခြင်းခံခဲ့ရသည်။ (၂)နှစ်အကြာ ထို မစ္စတာ Calisto နှင့်အတူ အီတာလီသို့ အတူလိုက်ပါခဲ့သည်။ အီတလီရောက်သော အခါ Mr. Michieli အိမ်သို့‌ရောက်ရှိသွားပြန်သည်။ ဘာခိတာ သည် ထိုအိမ်၌ Mr. Michieli ၏ သမီးလေး ရဲ့ ကလေးထိန်း လုပ်ရင်း သူတို့နှင့် အတူ နေထိုင်ခဲ့သည်။ မစ္စတာ Michieli နှင့်သူ့ဇနီး သည် အာဖရိကသို့ စီးပွားရေး လုပ်ငန်းတစ်ခု ဖြင့် သွားရမည်ဖြစ်သဖြင့် သမီးလေးနှင့် ဘာခိတာ တို့အား  Canossian Sisters များ၏ ဘုရားစကား သင်တန်းကျောင်း တစ်ခု ၌ အပ်ထားပြီး ခရီးဆက်ခဲ့ကြသည်။  ဘာခိတာသည် ၎င်းစာသင်ကျောင်း၌ ဘုရား တရားအကြောင်းနှင့် စာရေး စာဖတ်ပညာများလေ့လာဆည်းပူးခွင့်ရရှိခဲ့သည်။ တစ်နှစ်အကြာတွင် မိဘနှစ်ပါးစလုံးသည် ဘာခိတာနှင့် သူတို့၏သမီး ကို အာဖရိကသို့ ၎င်းတို့ကောင်းစား‌ရေးအတွက် ပြန်ခေါ်ရန် ‌ရောက်ရှိလာသောအခါ ဘာခိတာသည် ၎င်းတို့နှင့် ပြန်မလိုက်ဘဲ ကက်သလစ်၀င်ရန် ဆုံးဖြတ်ပြီး ဤသီလရှင်ကျောင်း၌ ဆက်လက်နေရန် တောင်းခံခဲ့သည်။ ၎င်း၏ဇနီးသည် ဘာခိတာအပေါ် အမျက်ထွက်သော်လည်း အီတလီ နိုင်ငံ၏တရားဥပ‌ဒေအရ ဘာခိတာသည် လွတ်လပ်သော သူတစ်ဦး အဖြစ် အရာရှိတစ်ဦးအားဖြင့် ထောက်ခံမှုရရှိခဲ့သည်။ 

                 ၁၈၉၀ ခုနှစ် တွင် ဆေးကြောခြင်းခံယူခဲ့သည်။ ယခုသူမသည် “ကျွန်မ”လုံး၀မဟုတ်တော့ဘဲ ဘုရားရှင်၏ သမီးတော်လေး ဖြစ်သွားခဲ့ပါပြီ။ ဘာခိတာသည် ဘုရားစာသင်ကျောင်း ရှိ ကာနိုးရှင်း စစ္စတာရ်များအား (၄)နှစ်တာ အကူအညီပေးခဲ့ရင်း သူမ၏နှလုံးထဲ၌ အလွန်ကြီးမားသောဆန္ဒတစ်ခုနေရာယူခဲ့သည်။   ၎င်းမှာ “ငါသည်ခရစ်တော် သခင်အတွက် အသက်ရှင်မည်” ဟူ၍ဖြစ်သည်။ သူမသည် ခရစ်တော် ရှင်နောက် လိုက်ပြီးမိမိ၏ ဘ၀တစ်ခုလုံးအား ဘုရားရှင် ထံအပ်နှံကာ သူမအား ကနိုရှင်းစစ္စတာရ်တစ်ပါး ဖြစ်ရန်ခေါ်နေသည်ကို နားလည်သဘောပေါက်ခဲ့သည်။

ထို့ကြောင့် သူမသည် (၁၈၉၆)ခုနှစ် တွင် ကနိုရှင်းသီလရှင်အဖြစ် ပထမကတိသစ္စာ ခံယူခဲ့ပြီး ချီအို မြို့သို့ တာ၀န်ကျခဲ့ သည်။ ဘာခိတ သည် ရိုးသား၊ ကြိုးစား၊ နှိမ့်ချပြီး ဘုရားကျောင်း တာ၀န်၊ ချက်ပြုတ်ရေးတာ၀န်၊ သူနာပြု အကူတာ၀န်နှင့် တံခါးစောင့်တာ၀န် အသီးသီးကို ပျှော်ရွှင်၀မ်းမြောက်စွာ ပေးဆပ်အစေခံခဲ့သည်။ ဘာခိတာသည် (၁၉၄၇) ခုနှစ်၊ ဖေဖော်၀ါရီလ (၈)ရက်နေ့တွင် ခရစ်တော်၌ ငြိမ်သက်စွာ အနားယူခဲ့ပါသည်။

ဘာခိတာကို ပုပ်ရဟန်းမင်းကြီး John Paul II မှ (၁၉၉၂)ခုနှစ်တွင် Blessed အဖြစ်ပြီး ၊ (၂၀၀၀)ခုနှစ် အောက်တိုဘာ (၁)ရက်နေ့တွင် ပုပ်ရဟန်းမင်းကြီး John Paul II က ရဟန္တာ အဖြစ်ကြေညာခဲ့သည်။ပုပ်ရဟန်းမင်းကြီး Francis က (၂၀၁၃)ခုနှစ်တွင် လူကုန်ကူးမှု ပပျောက်ရေးအတွက်အားထားရာ ရဟန္တာ အဖြစ်ကြေညာခဲ့သည်။

ကျွန်မအား ဖမ်းဆီးသွားခဲ့သော ကျွန်ကုန်ကူးသူများကို တွေ့ရမည် ဆိုလျှင် သူတို့ သည်ကျွန်မအား နှိပ်စက်ခဲ့သော် လည်း သူတို့ ၏ရှေ့ မှောက်၌ ဒူးထောက်ပြီးသူတို့ ၏လက် များကိုနမ်းရှုံ့ ခဲ့မှာပါ။ အကယ်၍ ဤဖြစ်ရပ်ဆိုးကြီးမဖြစ်လာခဲ့ ရင် ကျွန်မ သည် ဤကဲ့ သို့ ခရစ်ယာန် တစ်ဦး၊ သီလရှင် တစ်ပါးဖြစ် လာနိုင် မှာ မဟုတ် ပါ။

 

SINGAPORE/MYANMAR

The Canossian Daughters of Charity (Canossian Sisters), is a Catholic religious institute founded by Magdalene of Canossa in Verona, Italy, in 1808.

#The Canossian Spirituality
We are called to contemplate, experience, and share the love of the Father for every person, the love that is “most amiable, most generous and most patient spirit” of Jesus, Crucified and Risen.

We share in the saving mission of Jesus, in the spirit of charity, gentleness, humility, meekness, zeal, and fortitude.
We live community life and we learn to recognize the presence of the Lord in each sister. Daily we learn to give and receive love and to grow in freedom.

We are present in all the continents, working in the fields of education, catechetics, pastoral care of the sick, within a multi-cultural, multi-religious, and multi-racial society, and in being especially mindful of the poorest.

In Myanmar, we have a Formation House in Insein for young ladies, searching for a vocation in life. In Thanlyin we have Canossa Home where we train young ladies under the Formation of Educators Programme to look after children in Boarding Houses all over Myanmar. We also have a Boarding House for poor children from

Ayerwaddy Division, with ages ranging from 7 – 18 years old.

#To discover more about the journey to your vocation in life -

Please feel free to contact any of the Sisters listed below:

If you want to know more about us kindly visit this website

http://www.canossians-sg.org

 

ဆက်သွယ်ရန်လိပ်စာများ

Apostolic House

Sr Angela Ng Ph : 09 250 823 810

အမှတ် (၈) မာဃလမ်း၊ ပဲခူးစုရပ်ကွက်၊ သန်လျှင်မြို့နယ်။

 

Canossian Formation House 

Sr Antonia Mya Mya Lone Ph : 09 793 122 713

အမှတ် ၁၀၆/A, အေးရိပ်ငြိမ်လမ်း၊ (၃)ရပ်ကွက်၊

 မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်း။

  Name of Canossian Sister-
Sr. Maria Ja Awn/ 95 – 9762507979/ mariajaawn@gmail.com
Sr. Heza Zar Zar/ 95 – 9773342021/ zarzartoegmail.com
Sr. Antonia Mya Mya Lone / 95 – 9793122713/ antoniatay32@gmail.com

If you want to know more about us kindly visit this website
http://www.canossians-sg.org/

 

 

Canossian Family Singapore / Myanmar

 

Untitled Document
Total viewer: 346084